ဘားအံခရိုင် Community Centre ခန်းမတွင် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံခရိုင် Community Centre ခန်းမတွင် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်


MNP  -  ဖေဖော်ဝါရီ  ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးအကြမ်းဖက်မှုပပျောက်‌ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ  ၂နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်အေးမြတ်ရီက အမျိုးသမီးရေးရာအဖွဲ့၏ ရည်ရွယ်ချက်၊ အမျိုးသမီးအကြမ်းဖက်မှုကိုဖြစ်စေနိုင်သောနည်းလမ်းများ၊ အမျိုး သမီးအကြမ်းဖက်မှုကို ဖြစ်စေနိုင်သည့်အခြေအနေ၊ အမျိုးသမီးအကြမ်းဖက်မှုမဖြစ်ပေါ်စေရေးနေထိုင်ရမည့် နည်းလမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးအကြမ်းဖက်မှုမဖြစ်အောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အမျိုးသမီးအကြမ်းဖက်မှုဖြစ်ပေါ်လာပါက အကူအညီတောင်းခံနိုင်သည့်နေရာများ စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)