တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီတွင် ဖြစ်တတ်သော နှာခေါင်းသွေးလျှံခြင်း အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီတွင် ဖြစ်တတ်သော နှာခေါင်းသွေးလျှံခြင်း အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က နွေရာသီတွင်ဖြစ်တတ်သော နှာခေါင်းသွေးလျှံခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ နွေရာသီတွင်ဖြစ်တတ်သော နှာခေါင်းသွေးလျှံခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk  Show)ကျင်းပပြုလုပ်ရခြင်းအား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီး အရာရှိ ဒေါ်မြင့်ကေခိုင်မှ  နှာခေါင်းသွေးလျှံခြင်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ အကြောင်းနှင့် ပတ်သတ်၍ ပြည်သူများ  သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းစံဝင်းမှ နှာခေါင်းသွေးလျှံခြင်းအကြောင်းနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း  သိရသည်။


ယင်းဆွေးနွေးပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းစံဝင်းက  ဆွေးနွေးပြောကြားရာတွင်  နှာခေါင်းသွေးလျှံခြင်းသည် လူကြီးလူငယ်မရွေး တစ်ခါတစ်ရံ ဖြစ်လေ့ရှိသည့် နှာခေါင်းသွေးလျှံခြင်းဖြစ်စေနိုင်သော အဓိကအကြောင်းအရာ (၂)မျိုးမှာ ထိခိုက်ဒဏ်ရာကြောင့် နှာခေါင်းသွေးလျှံခြင်းနှင့် သည်းခြေအပူလွန်ကဲခြင်းကြောင့် နှာခေါင်းသွေးလျှံခြင်းတို့ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် နှာခေါင်းသွေးလျှံခြင်းဆိုသည်မှာ နှာခေါင်းကိုကြမ်းတမ်းစွာ နှိုက်ခြင်း၊ နှပ်ညှစ်အား ပြင်းထန်ခြင်း၊ နှာဖျန်းဆေးထည့်ရင်း ထိခိုက် မိခြင်း၊ လက်သီးနှင့် အထိုးခံရခြင်း၊ တစ်စုံတစ်ခုဖြင့် ဆောင့်မိခြင်းတို့ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းဆိုသည်မှာ နှာခေါင်းအတွင်းရှိ ဆံခြည် မျှင် သွေးကြောလေးများ ပေါက်ပြဲပြီး နှာရောင်တစ်လျှောက်မှာ သွေးများစီးကျလာခြင်းဖြစ်ပါတယ်။ သက်ကြီးပိုင်းနှင့်သက်ငယ်ပိုင်းများတွင် သည်းခြေအပူလွန်ခြင်းတွင် စိတ်ကြောင့် အပူလွန်ခြင်း၊ ဥတုကြောင့်အပူလွန်ခြင်း၊ အာဟာရကြောင့်အပူလွန်ခြင်းနှင့် ကမ္မကြောင့် အပူလွန်ခြင်းတို့ ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံသည့်အခါ ခံစားရနိုင်သော လက္ခဏာများမှာ အသက်ရှူကျပ်လာခြင်း၊ ရင်တုန်ခြင်း၊ ခြေဖျားလက်ဖျားတွင် သွေးအရောင်များ ဖြူဖျော့လာခြင်း၊ ချွေးများထွက်လာခြင်းနှင့်အတူ ကြောက်လန့်စိတ်များ ဝင်မိခြင်းတို့ ဖြစ်လာတတ်ပါတယ်။ နှာခေါင်းသွေးလျှံသူကို နှာညှစ်ခိုင်းခြင်းမပြုလုပ်သင့်ပါ။ နှာခေါင်းသွေးလျှံခြင်းမရပ်တန့်ပါက နှာခေါင်းရင်းကို ရေခဲတုံး၊ ရေခဲအိတ်များဖြင့်ဖိကပ်လျက် ဆေရုံဆေးခန်းသို့ အလျင်အမြန်သွားရပါမည်။ သွေးတိုးရောဂါရှင်များအနေဖြင့် ဆေးများကို မပြတ်မှီဝဲနေခြင်း၊ နှာရည်ယိုနှာစေးသောအခါ အားပြင်းပြင်းနှင့် နှပ်ညှစ်ခြင်းတို့ မပြုလုပ်မိစေရန်ဖြစ်ပါတယ်။ သွေးကျဲဆေးများကို သက်ဆိုင်ရာ ဆေးပညာရှင်များနှင့် ပြသပြီးမှ သောက်သင့်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)