မိုင်းပန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး


MNP  -  ဖေဖော်ဝါရီ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု၊ မိုင်းပဲကျေးရွာ နေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးဟောပြောခြင်းအခမ်းအနားကို မိုင်းပဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏ဌာနတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် လုပ်ငန်း များကို ကျေးလက်နေပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကျန်းမာရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တွေဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော နမ့်တိန်းကျေးရွာအုပ်စု၊ မိုင်းပဲကျေးရွာ နေပြည်သူများမှ မိမိတို့သိရှိလိုသည်များ၊ လိုအပ်ချက်များ၊ တင်ပြချက်များနှင့် မေးမြန်း ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာဌာနအကြီးအကဲများမှ ပြန်လည်ရှင်းလင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နော်မှိုင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)