(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် ရှားတော အမှတ်(၅) ရပ်ကွက် ၊ ပိတောက်ပင်လမ်း ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် ရှားတော အမှတ်(၅) ရပ်ကွက် ၊ ပိတောက်ပင်လမ်း ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP   -    ဖေဖော်ဝါရီ ၁၂

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် ရှားတော အမှတ်(၅) ရပ်ကွက် ၊ ပိတောက်ပင်လမ်း ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားက်ု ယနေ့နံနက် ၉ နာရီက မြန်အောင်မြို့ နယ်ရှားတောကျေးရွာအုပ်စု ၊ ရှားတောအမှတ်(၅)ရပ်ကွက် ၊ ပိတောက်ပင်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် ရှားတော အမှတ် (၅) ရပ်ကွက် ၊ ပိတောက်ပင်လမ်း ကျောက်ချောလမ်းအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် ရှားတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်၍ လမ်းအားကြည့်ရှု့ခဲ့ကြသည်။


ဆက်လက်၍ လမ်းဖွင့်ပွဲအခမ်းအနားတွင် ရှားတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်များနှင့် လမ်းဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက ကျောက်ချောလမ်းဖြစ်မြောက်ရေးအတွက် လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။


အဆိုပါ ရှားတောကျေးရွာအုပ်စု ၊ ရှားတောအမှတ် (၅) ရပ်ကွက် ၊ပိတောက်ပင်လမ်း အရှည် (၃၅၀၀) ပေ ၊ အကျယ် (၂၄) ပေ အား အလှူရှင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ကိုယ်ထူကိုယ်ထ ကျောက်ချောလမ်းခင်းခြင်း ဖြစ်ကြောင်းသိရှိရသည်။


ဝင်းဗိုလ်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)