မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ






MNP   -    ဖေဖေါ်ဝါရီ     ၁၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၃  ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်ပြီးကျင်းပခဲ့ရာ ယမန်နေ့ ညနေပိုင်းက နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ရမ္မာဝတီမြို့မအားကစားကွင်း၌ကျင်းပခဲ့ကြသည်။


အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရှုံးထွက်စနစ်ဖြင့်ကစားခဲ့ကြရာ နောက်ဆုံးဗိုလ်လုပွဲသို့ လက်ပန်ဘောလုံးအသင်းနှင့်သံချောင်းဘောလုံးအသင်းတို့တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲကိုကစားကြရာတစ်ဖက်နှင့်တစ်ဖက်ဂိုးမရှိသရေဖြင့်ပွဲပြီးဆုံးခဲ့သည်၊ ဒိုင်လူကြီးဆုံးဖြတ်ချက်အရ   ပင်နယ်တီကန်ကြရာ  သံချောင်းဘောလုံးအသင်းမှ  ၄ ဂိုး ၃ ဂိုးဖြင့်အနိုင်ဗိုလ်စွဲခဲ့သည်။


ဆက်လက်၍  ဆုပေးပွဲအခမ်းအနားကိုကျင်းပကြရာ ဘောလုံးပွဲဖြစ်မြောက်ရေးအတွက်ပံ့ပိုးကူညီခဲ့ကြသောလုပ်ငန်းရှင်များနှင့်အဖက်ဖက်မှကူညီခဲ့ကြသူများကိုဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးခြင်း၊ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု၊ နေရာလိုက်အကောင်းဆုံးကစားသမားဆုများ၊ တတိယဆုရရှိသောစစ်ပြားဘောလုံးအသင်း၊ ဒုတိဆုရရှိသော   လက်ပန်ဘောလုံးအသင်းသားများကိုဆုများချီးမြှင့်ပေးခြင်းနှင့်   ပထမဆုရရှိသော သံချောင်းဘောလုံးအသင်းအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းမှ  ဆုဖလားအနှင့်ချန်ပီယံဆုကို  ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)