ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကျင်းပ






MNP    -    ဖေဖေါ်ဝါရီ      ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ လ ၁၂ ရက် ယနေ့တွင်ကျရောက်သည့် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို နံနက် ၇ နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ကျပကြသည်။


ရှေ့ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦး

ဆောင်၍ ကျင်းပကြသည်၊    ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ(၇၆)နှစ်မြောက်ပြည်ထေင်စုနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်အား  ရမ်းဗြဲမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းကဖတ်ကြားသည်၊ ဆက်လက်ပြီး (၇၆)နှစ်

မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းခဲ့သော ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် အားကစာပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသူများကိုဆုများချီးမြှင့်ပေးကြသည်။


အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   မြို့မိမြို့ဖများ၊  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲအသီးသီးတို့တွင်ဆုရရှိကြသူများ စုစုပေါင်းအင်အား (  ၁၈၀    )ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)