ကန့်ဘလူမြို့တွင် သီးနှံစုံတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများ မိသားစုစီးပွားရေး အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့တွင် သီးနှံစုံတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများ မိသားစုစီးပွားရေး အဆင်ပြေ





MNP   -    ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းမှ လတ်တလောဝင်ငွေရရှိသည့် မီးဖိုချောင်သုံးစားပင်သီးနှံများ၊ ပန်းများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ပျိုးခင်းများအောင်မြင်ဖြစ်ထွန်းကာ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။


တောင်သူများအနေဖြင့် ပြည်သူများမဖြစ်မနေ ဝယ်ယူစားသုံးကြသော သီးနှံများဖြစ်သည့် ပန်းမုန်လာပွင့်၊ ကိုက်လန်၊ မုန်လာထုပ်၊ နံနံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများထိုးရန် မေမြို့ပန်း၊ ဂမ္ဓာပန်းများကို တစ်ဖက်တ်လမ်းမှ မိသားစုဝင်ငွေရရှိရေးအတွက် တစ်ပိုင် တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လာကြသည်။


အခုကျွန်တော်စိုက်ပျိုးထားတာက ခရမ်း၊ ခရမ်းချဉ်၊ မေမြို့ပန်း၊ ကန့်လန့်ဆိုင်၊ နံနံ၊ အဓိကစိုက် ပျိုးထားတာကတော့ မေမြို့ပန်းများများ စိုက်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူလည်း စိုက်ပျိုးထားပါတယ်။ ပန်းတစ်စည်းကို ၃၀၀/ ၄၀၀ ကျပ်ဖြင့်ဖောက်သည်ပေးရပါတယ်။ ကိုယ်တိုင်ထိုင်ရောင်းရင် ပန်းတစ်စည်းကို ၅၀၀ ကျပ်ရပါတယ်။ ခရမ်းသီးဆိုရင် တစ်ပိဿာ ကျပ် ၁၀၀၀/ ၁၅၀၀ ရောင်းရပြီး ကိုယ်တိုင်ထိုင်ရောင်းတာလည်းရှိပါတယ်။ တစ်ရက်ကို နှစ်သောင်း/ သုံးသောင်းဝင်တယ်၊ တစ်ခါတစ်လေ လေးငါးသောင်း တစ်သိန်းလည်းရပါတယ်။ ဒီနှစ်အနေနဲ့မဆိုးဘူးလို့ပြောလို့ရပါတယ်။ စိုက်တာလေးက မိသားစုဝင်ငွေလုံလောက်ပါတယ်။ နောက်ထပ်စိုက်ပျိုးမယ့် သီးနှံတွေအတွက် ထယ်ရေးပြင်ပြီး ခဝဲ၊ သခွား၊ ဗူးစိုက်ပါမယ်။ ကျွန်တော်ကတော့ ရာသီအလိုက် စားပင်သီးနှံများကို အမြဲမပြတ်စိုက်ပျိုးလျက်ရှိပါတယ် ” ဟု ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်မှ တောင်သူဦးဝင်းထွန်းက ပြောပြသည်။


ကန့်ဘလူမြို့နယ်တွင် စားပင်သီးနှံစုံစိုက်ခင်းများကို​ စျေးကွက်အခြေအနေပေါ်မူတည်၍ ရာသီအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကာ ကန့်ဘလူမြို့မစျေး၌ ကိုယ်တိုင်ရောင်းချခြင်း၊ ဖောက်သည်ပေးခြင်း၊ ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်သူတောင်သူများထံမှ သိရသည်။


အောင်ဝင်းငြိမ်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)