ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် အလှူငွေ ထောက်ပံ့လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် အလှူငွေ ထောက်ပံ့လှူဒါန်း


MNP  -  ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးဘေးသင့်ခဲ့ရ သည့် အိမ်ထောင်စုများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် အဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်ပြီး အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာ၌ ယခုလ ၆ ရက်နေ့ ညနေပိုင်းက တောမီးမှတစ်ဆင့် လူနေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရကာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော် ပရဟိတအကျိုးတော်အဖွဲ့မှ ဦးဆောင်သူ ဦးကျော်စန်းနှင့် စေတနာအလှူရှင်များ ပူးပေါင်းအဖွဲ့က မီးဘေးသင့် အိမ်ထောင်စုဝင်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် လူနေအိမ် ပြန်လည်ပြုပြင် ဆောက်လုပ်နိုင်ရန် အလှူငွေကျပ် (၆)သိန်းနှင့် လိုအပ်သော စားသောက်ကုန် ပစ္စည်းဝယ်ယူရန် ငွေကျပ် ၁၀၄၀၀၀ တို့ကို မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များကလည်း မီးဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အလှူငွေနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း အဆိုပါ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင်အဖွဲ့မှ ဦးကျော်ဆန်းထံက သိရသည်။


ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းအနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ဆင်းရဲနွမ်းပါးသော ဝင်ငွေနည်းအိမ်ထောင်စုများကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလစားဝတ်နေရေး အဆင်ပြေစေရန်နှင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ‌ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စသည့် စားကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း၊ ခြုံစောင်နှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်း၊ နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများ ထောက်ပံ့ လှူဒါန်းခြင်း၊ သောက်သုံးရေ ရှားပါးသည့် ကျေးလက်ဒေသများတွင် စက်ရေတွင်းများ တူးဖော် လှူဒါန်းခြင်းနှင့် ယခုကဲ့သို့ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် ပြည်သူများကို နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်းတို့ကို့ ဖြည့်ဆည်း ကူညီပေးလျက်ရှိကြောင်း သိရသည်။  ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များအနေဖြင့် လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများအတွက်  ကုသိုလ်ပါဝင်လှူဒါန်းလိုပါက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်း၊ ဖုန်း - ၀၉၂၅၆၃၁၈၁၆၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။  


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)