မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ဘဲအင်းကျေးရွာတွင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ဘဲအင်းကျေးရွာတွင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဖွင့်လှစ်







MNP   -  ဖေဖေါ်ဝါရီ ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ဘဲအင်းကျေးရွာတွင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ ကျောင်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်း၊ အဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုး၊ဦးကျော်မြ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးရန်ငြိမ်း ၊မြို့နယ်ပညာရေးမှူးဦးအောင်စံကျော်တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။


    ထို့နောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ကျောင်းများ ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားသည်။ယင်းနောက်ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်းမှ ကျောင်းသမိုင်းဖြစ်စဥ်နှင့် ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အလံများအား ပေးအပ်ကာ ကျောင်းသား/သူများကအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။


      မာန်အောင်မြို့နယ်တွင် ယနေ့ အလားတူအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းကို ညောင်ပင်လှကျေးရွာနှင့်ညောင်ကုန်းကျေးရွာတို့တွင် ဆက်လက် ဖွင့်လှစ်ပေးခဲ့ရာ ကျေးရွာသူ/သားများမှာ ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။


သိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)