MNP - ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။
ထို့နောက် သထုံခရိုင် အမှတ် (၆၂ )မူးယစ်တပ်ဖွဲ့စု၊သထုံမြို့ မှ ဒုရဲမှုးတင်ကိုကို မှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ဆိုးကျိုးများ၊မူးယစ်ဆေးဝါးတွေကိုစွဲလန်းကြတယ်အဲဒီစွဲလန်းတဲ့အရာမှာပါတဲ့အကြောင်းအရာများ၊မူးယစ်ဆေးဝါးဖြတ်ချင်သူတွေအတွက်အဆင်ပြေသည့်နည်းလမ်းများ၊သတင်းပေးခဲ့လျင်အရေးယူဆောင်ရွက်ပေးမည့်အချက်များ၊မူးယစ်ဆေးဝါးသယ်ဆောင်လာလျင်အရေယူဆောင်ရွက်မှုများ၊အရွယ်မရောက်သေးတဲ့ကလေးငယ်များဖမ်းဆီးရမိလျှင် စီစဉ်ဆောင်ရွက်ပေးထားမှုများ၊မူးယစ်ဆေးဝါးဖမ်းဆီးရမိလျှင် အရေးယူမှုနှင့်ပြစ်ဒဏ်ချမှတ်မှုများ၊ထိန်းချုပ်မှုများ၊ဆက်သွယ်ရမည့်ဖုန်းနံပါတ်များစသည့်အချက်များကိုလိုက်နာ ဆောင်ရွက်ပေးခြင်းစသည့် အကြောင်းအရာများကိုအကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ( Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment