ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဆွေးနွေး



MNP    -     ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ဇုတ်သုတ်ကျေးရွာ၊မိခင်နှင့်ကလေး မူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းအသိပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


 အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်များလိုက်နာရမည့် စည်းကမ်းများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကလေးသူငယ်များအား ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ရေး ၊မိသားစုပေါင်းစည်းရေး လုပ်ငန်းစဉ်များ၊ကလေးသူငယ်များ အကောင်းဆုံးအကျိုးစီးပွား ရရှိနိုင်ရန်အတွက် ရပ်ရွာနှင့်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးရေးလုပ်ငန်း  (E.C.C.D)အသိပညာ ပေးအစီအစဉ်များကိုဆွေး နွေးပြောကြားခဲ့သည်။ ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ့်အားကိုကိုးမူလတန်းကြိုကျောင်း  ဆရာမ ထောက်ပံ့ငွေ (၇၂၀၀၀၀) နှင့် သင်​ထောက်ကူပစ္စည်းအတွက် ထောက်ပံ့ ငွေကျပ်(၁၀၀၀၀၀) စုစုပေါင်းငွေကျပ် (၈၂၀,၀၀၀)ကို တာဝန်ခံဆရာမထံသို့ ထောက်ပံပေးအပ် ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲသို့ ဇုတ်သုတ်ကျေးရွာ  အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကလေးမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)