MNP - ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာ၌ တောင်သူဦးအိုက်ဆမ်၏ ဆီထွက်သီးနှံနေကြာ နှစ်ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့သည်။
မိုင်းယောင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ်စိုက်ပျိုးရာသီတွင် ဆီထွက် သီးနှံနေကြာ ခြောက်ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်း အလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စိုက်ပျိုးနည်းပညာများ၊ သီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment