ကျိုက်မရောမြို့ မြို့ပေါက်ဝအဓိဌာန်သစ္စာတောင်ကျောင်းတိုက်မှ ဆရာတော်အဂ္ဂမဟာပရဟိတဓရ ဆရာတော် ဘဒ္ဒန္တနာဂသိန်၏” ၅၅ နှစ်ပြည့် ဝိဇာတ “ မွေးနေ့မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်မရောမြို့ မြို့ပေါက်ဝအဓိဌာန်သစ္စာတောင်ကျောင်းတိုက်မှ ဆရာတော်အဂ္ဂမဟာပရဟိတဓရ ဆရာတော် ဘဒ္ဒန္တနာဂသိန်၏” ၅၅ နှစ်ပြည့် ဝိဇာတ “ မွေးနေ့မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပ




MNP   -    ဖေဖေါ်ဝါရီ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင် ကျေးရွာ အဓိဠာန်သစ္စာအောင်  မြို့ပေါက်ဝ ကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပရဟိတဓရဆရာတော် ဘဒ္ဒန္တနာဂသိန်၏ (၅၅) နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများမှပင့်ဖိတ်ထားသော ရပ်ဝေးရပ်နီးမှပင့်သံဃာတော်များ ၊အလှူရှင်ဒါယိကာ ၊ဒါယိကာမများနှင့် ဧည်ပရိတ်သတ်များက မွေးနေ့ရှင်ဆရာတော်ထံမှ  မိဘကျေးဇူးဆပ်နည်းတရားတော်ကိုနာကြားပြီး ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်မွေးနေ့အတွက် လှူဒါန်းထားကြသော လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ  ဆရာတော်ဘုရား၏မွေးနေ့ကိတ်အား မွေးနေ့ပွဲလာပရိတ်သတ်များကို ကျွေးမွေးခြင်း၊ သတ်သတ်လွတ်ထမင်းဟင်းများ၊သတ်သတ်လွတ်ဒံပေါက် ထမင်းများ ၊ဘူးသီးကြော် ရွှေရင်အေး၊သင်္ကြန်ထမင်းစသည့် မုန့်မျိုးစုံများကို စတုဒီတာမဏ္ဍပ်များ၌ လူမျိုးမရွေးဘာသာမရွေး ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့သည်။


ရေစက်ချတရားတော်နာအပြီးတွင် ဆရာတော်၏ သက်တော်(၅၅)နှစ် ပြည့်မွေးနေ့အလှူတော်အဖြစ် ရတနာရွှေမိုး၊ငွေမိုးများရွာသွန်းဖြိုးကာ Realme ဖုန်း၁၀လုံးကို ပရိတ်သတ်များထံသို့ကြဲကာ လှူဒါန်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲအဖြစ်       ရွှေမြိုင်ချစ်ဇာတ်အဖွဲ့ဖြင့်ဧည့်ခံ ကပြဖျော်ဖြေလျက်ရှိသဖြင့် ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရူ့သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျှက် ရှိကြောင်းသိရသည်


 ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)