လဲချားမြို့နယ် (အ-ထ-က)ခွဲ နောင်မိန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ် (အ-ထ-က)ခွဲ နောင်မိန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ




MNP -  ဖေဖေါ်ဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်(အ-ထ-က)ခွဲ နောင်မိန်းကျောင်းတွင် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က (အ-ထ-က) ခွဲနောင်မိန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ မျိုးဆက်သစ်ကျောင်းသား/သူလူငယ်များ ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြတ်ဖို့ဆိုရင် အတွေ့အကြုံဗဟုသုတများစွာလိုအပ်ကြောင်း၊ ပြောရဲဆိုရဲပြီး နှုတ်မှုစွမ်းရည်တိုးတက်စေဖို့ စာပေကနေဗဟုသုတရရှိပြီး သူငယ်ချင်းအချင်းချင်း အသိပညာမျှဝေတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပါဝင်ဆွေးနွေးရဲသည့် အတွေ့အကြုံနှင့် အသိဉာဏ်ပညာ ရင့်ကျက်လာစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းကို ကျောင်းသား/သူများသိရှိစေရန် ဆွေးနွေးခဲ့သည်။


ယင်းနောက် (အ-ထ-က)ခွဲနောင်မိန်းကျောင်းအုပ်ဆရာကြီး ဦးချမ်းငြိမ်းအောင်မှ အဖွင့်အမှာစကားပြောကြားကာ ကျောင်းသား/သူများမှ စကားဝိုင်းကို ဆွေးနွေးခဲ့သည်။


အဆိုပါ လူငယ်စကားဝိုင်းတွင် Grade-(11)မှ ကျောင်းသား မောင်အာကာထွန်းလွင်မှ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)မှ ကျောင်းသူ မနှင်းအိအိလွင်မှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)မှ ကျောင်းသား မောင်ဟိန်းမင်းဦးမှ လူငယ်နှင့်ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(10)မှ ကျောင်းသူမဇင်ဝေစိုးမှ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။


ထို့နောက်တက်ရောက်လာသော ကျောင်းသား/သူများ၏ မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသော ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့် စကားဝိုင်းပါဝင်ဆွေးနွေးသူ ကျောင်းသား/သူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


လဲချား

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)