MNP ၊ ဖေဖော်ဝါရီ ၁၅
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီးနောက်ပိုင်း NLD ဦးဆောင်သူများ၏ လှုံ့ဆော်မှုဖြင့် NLD ဦးဆောင်သူများ၊ NLD ပါတီဝင်များက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့/မိုင်းခွဲ ဖျက်ဆီးခြင်း၊ လမ်းတံတားများအား မီးရှို့/ဖောက်ခွဲ ဖျက်ဆီးခြင်းများ အစရှိသော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခဲ့ရာ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ရသည်။
ယမန်နေ့က မုံရွာမြို့နယ်အတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများထဲမှ တချို့ကို တရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
(၁) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူ တရားခံ ဇော်မင်းအောင်(ခ)ဘီလူးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)/ ၅၁ (ဂ)/ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၁) နှစ်၊
(၂) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူ တရားခံ စိုးစိုးတင့်(ခ)စိုးတင့်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)/ ၅၁ (ဂ)/ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၁) နှစ်၊
(၃) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ မျိုးထက်သူ(ခ)ကိုထက်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၄) မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ သန်းဇော်ထွန်း(ခ)ဗိုလ်တောက်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၅) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ကိုနိုင်(ခ)ချိုနိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၆) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ မြင့်ဇော်(ခ)ငတင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၇) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ဆန်းဝင်း(ခ)မောင်ပိန်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၈) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ကျော်တင့်(ခ)တရုတ်လေးအား အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၉) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ကျော်မျိုး(ခ)ဖက်တီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၁၀) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ဝင်းဇော်ဟိန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၁၁) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ အောင်မိုးထွန်း(ခ)မိုးမိုးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၁၂) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ကျော်ဖြိုးဝေအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၁၃) မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများ လုကိုင်ဆောင်ရွက်နေသူ တရားခံ ထွန်းဇော်ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊
(၁၄) မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်တွင် နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းအတွက် ငွေကြေးများ လိုက်လံကောက်ခံခဲ့သူ တရားခံ မင်းမင်းဟိန်း(ခ)ဖိုးသားအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ ၁၄-၂-၂၀၂၃ ရက်နေ့က အရာတော်မြို့နယ်၊ ကမ်းပြူးကျေးရွာတွင် နေထိုင်၍ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူ တရားခံ စိုးမိုးထွန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:
Post a Comment