MNP ၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအနီးတွင် ယမန်နေ့နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအနီးတွင် အများပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်၊ ဆက်ကြေးကောက်၊ဓားပြတိုက်နေသော PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို မလိုလားသော တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ အထိနာ၍ ထွက်ပြေးသွားကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားသော လမ်းကြောင်းတစ်လျှောက်အား ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ် ၄၀ မမ ဗုံးသီး ၁ လုံး၊ ၁၂ ဗို့ကျည် ၁၁ တောင့်၊ ရီမုခလုတ် ၂ ခု၊ ပြောက်ကျား ဝတ်စုံး ၃ စုံ၊ ယမ်းကြိုး ၁ ခွေ၊ အိုင်ကွန် ၃ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:
Post a Comment