မင်းလှမြို့တွင် စစ်ကွင်း-ဖြူကွင်း-ဇရစ်ချောင်း-မင်းလှ ကျောက်ချောလမ်းခင်းကျင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် စစ်ကွင်း-ဖြူကွင်း-ဇရစ်ချောင်း-မင်းလှ ကျောက်ချောလမ်းခင်းကျင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး


MNP  -   ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုငွေ(၁၈၃.၀)သန်းကျပ်ဖြင့်ဆောင်ရွက်သည့် စစ်ကွင်း- ဖြူကွင်း- ဇရစ်ချောင်း- မင်းလှကျေးရွာခြင်းဆက် ကျောက်ချောလမ်းခင်းကျင်းခြင်းလုပ်ငန်းမှာ  ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။


စစ်ကွင်း- ဖြူကွင်း - ဇရစ်ချောင်း- မင်းလှ လမ်းအရှည်(၀/၇.၃၂)မိုင်၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၄ လက်မရှိကျေးရွာခြင်းဆက် ကျောက်ချောလမ်းခင်းကျင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊‌ မေလ (ပထမပတ်)က တာဝန်ယူစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ၉၅ ရာခိုင်နူန်းပြီးစီးခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ (ပထမပတ်)တွင် ရာနူန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ‌ ကျေးရွာခြင်းဆက်လမ်းပြီးစီးသွားပါက ကျေးရွာအုပ်စု(၅) အုပ်စု၊ ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၈၂၀)မှ လူဦးရေ(၃၅၀၇)ဦးတို့သည် စစ်ကွင်းမြို့နှင့်မင်းလှမြို့သို့ အဆင်ပြေလွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


ပေါက်စ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)