ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်း




MNP  -  ဖေဖော်ဝါရီ  ၂၈

နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများ၏ ( ၂၄ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက တရား စီရင်ရေးတာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရမည်ဖြစ်သကဲ့သို့ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်ကိုလည်း လိုက်နာရမည်ဖြစ်ပြီး မိမိတို့၏ တစ်ဦးချင်း လုပ်ငန်း တာဝန်များကို သစ္စာရှိရှိ ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြရန်၊ တရားစီရင်ရာတွင် ဥပဒေနှင့်အညီ အဂတိကင်းကင်းနှင့် မှန်ကန်မြန်ဆန်စွာ အဆုံးအဖြတ်ပြုလျက် ပြည်သူအများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်၊ တရားစီရင်ရေး ငါးနှစ် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ပထမနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၃ ခုနှစ်) ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် တရားမမှုများ စစ်ဆေးစီရင်မှုအပေါ် အထောက်အကူပြုသည်ဖြစ်၍ ယခုထက် ပိုမိုအောင်မြင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ တရားရုံးများတွင် နည်းပညာအသုံးပြု တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန်နှင့် နည်းပညာဗဟုတများရှိစေ ရေးမပြတ်လေ့လာဆည်းပူးကြရန် စသည့်ဖြင့် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။


အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ( ၂၉ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)