နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၄၁၄) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၄၁၄) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်


MNP   -   ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၃၂၅)ဦး စုစုပေါင်း (၄၁၄) ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။


နောင်ချိုမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁) ကျောင်းနှင့် ကိုယ်ပိုင်အထက် တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၁၁)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အတွဲ(၁) ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းဖြေ (၂၇) ဦး၊ ပြင်ပဖြေ (၁၈၃) ဦး စုစုပေါင်း (၂၁၀) ဦး၊ အတွဲ (၂) ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းဖြေ (၃၄) ဦး၊ ပြင်ပဖြေ (၆၆) ဦး စုစုပေါင်း (၁၀၀) ဦး၊ အတွဲ (၇) ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ (၂၈) ဦး၊ ပြင်ပဖြေ (၇၆) ဦး စုစုပေါင်း (၁၀၄) ဦး စုစုပေါင်း တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း (၄၁၄) ဦး ရှိပြီး ဖြေဆိုသူများအားလုံးသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)