MNP - ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ နိုင်ငံ့စီးပွား မြှင့်တင် ဖွံ့ဖြိုးတိုး တက်ရေး ရန်ပုံငွေဖြင့် မိုးစပါးရိတ်သိမ်းပြီးချိန်ဆောင်းသီးနှံအဖြစ် ပဲ၊နေကြာ၊ရာဘာများအားစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသည့်တောင်သူများကိုစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရန်ပုံငွေနှင့်အတူ ဆီနေကြာမျိုးစေ့များအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှပေးအပ်ခဲ့သည်။
ထိုသို့စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့်တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံအဖြစ်ဆီနေကြာသီးနှံစိုက်ပျိုးသည့်တောင်သူများကို သင်တန်းပို့ချ၍ လိုအပ် ချက်များကိုကူညီဆောင်ရွက်ပေးမှုကြောင့်ကျိုက်ထိုမြို့နယ် ကော့ထင်းစံပြကျေးရွာမှ တောင်သူဦးဝင်းစိုး၏ဆီနေကြာတစ်ကွင်းတဆက်တည်း(၁၀)ဧကစံပြစိုက်ခင်းမှာလေလွင့်ဆုံးရှုံးမှုမရှိသည့်အပြင်ဆီထွက် နေကြာစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်းစိုက်ပျိုးရေးဌာနမှသိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment