မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး


MNP   -   ဖေဖော်ဝါရီ ၂၈

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၃၅၇.၁၆ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကတာဝန်ယူဇွန်လမှစတင်၍ တွင်းတိမ်(၂)တွင်း၊ တွင်းနက်(၆)တွင်း၊ အိမ်သွယ်ရေတိုင်(၆)ခု၊ ရေသန့်စင်စနစ်(၂)ခု၊ အခြားလုပ်ငန်းတစ်ခုတို့အား ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများမှ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ကျေးရွာ ၁၇ ရွာမှ လူဦးရေ ၁၂၄၁၂ ဦးတို့အား ရာသီမရွေး သောက်သုံးရေအဆင်ပြေနိုင်တော့မည်ဖြစ်သည်။


၎င်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ ကျေးရွာ ၉ ရွာတို့တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၁၃၅.၈၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကတာဝန်ယူ၍ တွင်းတိမ်(၃)တွင်း၊ မြေသားရေကန်(၆)ကန်တို့အား ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာ ၉ ရွာရှိ လူဦးရေ(၇၁၇၃)ဦးတို့မှာ ရာသီမရွေးသောက်သုံးရေအဆင်ပြေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)