ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၇) ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


ထမနဲထိုးပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ဇနီး ဒေါ်ဝင်းရီ၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ထမနဲထိုးပြိုင်ပွဲကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအရလည်းကောင်း၊ တစ်ဦးတစ်ယောက်ကောင်းမဟုတ်ဘဲ ပြိုင်ပွဲဝင်များ၏ အားထည့်မှု၊ စေတနာပါမှု၊ ကျွမ်းကျင်မှုနှင့် အားပေးကြသူများ၏ ဝန်းရံမှုဖြင့် လည်းကောင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထမနဲပွဲသည် စုပေါင်းညီညာမှုအပြင် ဉာဏ်ရည် ဉာဏ်သွေး၊ ပူးပေါင်းဆောင်ရွက်မှု၊ အားပေးမှုများနှင့် ဆောင်ရွက်ရသည့် အနှစ်သာရရှိသော ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များနှင့် အားပေးသူများ အနေဖြင့် အနိုင်အရှုံး အဓိကမဟုတ်ဘဲ ပျော်ပျော်ပါးပါး ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အထဖြင့် အတတ်နိုင်ဆုံး ညီညီညွတ်ညွတ် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ပြိုင်ပွဲဝင်အသင်းငါးသင်း၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။


ယင်းနောက် နှစ်သိမ့်ဆုများရရှိကြသည့် အသင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ တတိယဆုရရှိသည့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနအသင်းကို အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဝန်ကြီးရုံးအသင်းကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပထမဆုရရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆုပေးအပ်ချီးမြှင့်ပြီး အားပေးမှုအကောင်းဆုံးဆုရရှိသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအား ပြည်ထောင်စုဝန်ကြီးက အထူးဆုပေးအပ် ချီးမြှင့်ခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)