PDF အကြမ်းဖက်သမားများထံ ကားဖြင့် ရိက္ခာသွားပို့ခဲ့သူ ၂ဦးအား ဂန့်ဂေါစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများထံ ကားဖြင့် ရိက္ခာသွားပို့ခဲ့သူ ၂ဦးအား ဂန့်ဂေါစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ



MNP ၊ ဖေဖော်ဝါရီ ၁၅ 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများအား စစ်ဆေးနေစဉ် ယမန်နေ့ နံနက် ၇ နာရီခန့်တွင် မန္တလေးမြို့မှ ဂန့်ဂေါမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ကောင်းမင်းနိုင်နှင့် အောင်မျိုးထွန်းတို့သည် PDF အကြမ်းဖက်သမားများထံ ရိက္ခာများအား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဖျက်အမှောက် လုပ်ရပ်များ လုပ်ဆောင်နေသော  PDF အကြမ်းဖက်သမားများထံ ရိက္ခာများ ပို့ဆောင်ပေးခဲ့သူ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)