အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ ကြီးပွားအောင် မြင်အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ ကြီးပွားအောင် မြင်အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ





MNP   -   ဖေဖော်ဝါရီ ၁၅

  ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Cen tre)ခန်းမတွင် စာပေ မြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့်ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်(၁၂)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ  စာဖတ်ဝိုင်းကို  လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးစန်းဝင်းက  စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းရည်ရွယ်ချက်နှင့် မြင်းခြံ ကျော်အောင် (ခ)သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်မှ ငါကြီးပွားမယ့်လူလား၊ ငွေ၏သ ဘောသဘာဝ၊ မအောင်မြင်လို့မဖြစ်ဘူး၊ အောင်မြင်သူနဲ့ မအောင်မြင်သူ ဘာကွာ ခြားသလဲ ဆောင်းပါးများကိုဆွေးနွေးပြောကြားခဲ့သည်။ 

 

 ထို့နောက် မြတ်နိုးသူ Book Club အသင်း ဝင်  ကျောင်းသူ သန်းသန်းစိုးက ကြီးပွားခြင်း၏ အခြေခံ စာဖတ်ရန် ဆောင်းပါးများကိုဆွေးနွေးပြောကြားပြီး မောင်မင်းနိုင်က မအောင်မြင် လို့ မဖြစ်ဘူး ဆောင်း ပါးကို ဆွေးနွေးပြော ကြားကာ Book Club အသင်းဝင်များကသိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းရာ  မြို့နယ်ဦးစီးမှူးက ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)