MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင်၂၀၂၂-၂၀၂၃-ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစစ် စာမေးပွဲကို ဖေဖော်ဝါရီ၁၄ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ဒုတိယနေ့ အဖြစ်ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင်အခြေခံပညာကျောင်း စုစုပေါင်း(၁၁၉)ကျောင်းရှိပြီး မူလတန်းကျောင်း (၇၈)ကျောင်း၊မူလတန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၃)ကျောင်း၊အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၄)ကျောင်း၊ အထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၁)ကျောင်းတို့တွင်ကျောင်းသား(၄၄၇၂)ဦး၊ ကျောင်းသူ (၄၆၉၃)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၁၆၅)ဦးတို့သည်ကျောင်းတွင်းစစ်စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး Grade-5 နှင့် Grade-9 အတန်းများကိုယခုလ (၂၂)ရက်နေ့တွင် စတင်ဖြေ ဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost


No comments:
Post a Comment