MNP ၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီ၊ ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအား အဖျက်အမှောက် လုပ်ရပ်များလုပ်ဆောင်ပြီး ဘုရားမသိ တရားမသိ သံဃာမသိ မိစ္ဆာဒိဋ္ဌိ အရိုင်းအစိုင်းစိတ်ဝင်နေသော PDF ပဒက်များသည် အပြစ်မဲ့ပြည်သူနှင့် ရဟန်းသံဃာတော်များအား ထိခိုက်သေကြေစေရန် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် Drone ဖြင့် ဗုံးများချိတ်ဆွဲ၍ Pyitချဖောက်ခွဲခဲ့ရာ ဘုန်းကြီးကျောင်းဘေး သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ၏ ကောက်ကျစ်ယုတ်မာစွာ ပစ်ချမှုကြောင့် လူ/အဆောက်အဦ ထိခိုက်မှု မရှိကြောင်း၊ လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်းDrone နောက်သို့ ခြေရာခံ၍ လိုက်လံရှာဖွေနေစဉ် နောက်တစ်ကြိမ် ပျံသန်းလာပြီး ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်ရှိ ထွေ/အုပ်ရုံးသို့ ရောက်ရှိပျံသန်းလာစဉ် လုံခြုံရေးအဖွဲ့ဝင်များက Drone Gun ဖြင့် ပစ်ချ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)
No comments:
Post a Comment