ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ



MNP  -   ဖေဖေါ်ဝါရီ    ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းသည်  ယနေ့နံနက် ၉ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre ) အစည်းအဝေးခန်းမ၌ သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။


ထိုသို့ပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ရုံးလုပ်ငန်းများ ရုံးစာရေးသားနည်းစနစ်တကျ မှန်ကန်မှုရှိစေရေးအတွက် ရုံးလုပ်ငန်းလက်စွဲစာအုပ်အား အလေးအနက် လေ့လာဖတ်ရှုစေလိုကြောင်း၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာများ ၊ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ၊ သတင်းရေးသားထုတ်ပြန်မှုကို အလေးထား ဆောင်ရွက်ပြီး  ဗွီဒီယိုသတင်းများ ယခင်ကထက်ပိုမို တိုးတက်အောင် ရိုက်ကူးပေးပို့နိုင်ရေး ၊ ဝန်ထမ်းများအားလုံး မီဒီယာသမားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဆောင်ရွက်ကြရေး တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ် ၊မြို့ရုံးများမှ မြို့နယ်ဦးစီးမှူးများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်နယ်ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ သံတွဲခရိုင်အတွင်းရှိ သံတွဲ၊ ကျိန္တလီ၊ ငပလီနှင့်မအီမြို့ရုံးများမှ အရာထမ်း၊အမှုထမ်း  စုစုပေါင်း (၁၉)ဦးတက်ရောက်ခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)