MNP - ဖေဖေါ်ဝါရီ ၂၇
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(C0mmunity Centre)၏လိုအပ်ချက်များနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါအဆောက်အဦ ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က ဂုဏ်ပြုမှတ်လွှာပေးအပ်ပွဲပေးအပ်ပွဲကျင်းပရခြင်းနှင့် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(C0mmunity Centre)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို Power Point ဖြင့်ရှင်းလင်းတင်ပြပြီး သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(C0mmunity Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးထွန်းသန့်ကျော်က ရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အလှူရှင်များအား ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ (C0mmunity Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးထွန်းသန့်ကျော်တို့က ဂုဏ်ပြုမှတ်တမ်း လွှာများကို အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(C0mmunity Centre)အနေဖြင့် ဖွင့်လှစ်ခဲ့သည့် ၂၀၂၂နှစ်မှ ယနေ့အချိန်ကာလအထိ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အလှူခံ ရရှိမှုမှာ (၉၁၃၈၃၀ဝိ/-) ကျပ် ကိုးဆယ့်တစ်သိန်းသုံးသောင်းရှစ်ထောင်သုံးရာတိတိ ရရှိခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment