MNP - ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်တွင် မိုးစပါးရိတ်သိမ်းမှု ပြီးချိန်၌ တောင်သူများနွေစပါး နှင့် ဆောင်းသီးနှံများအား စိုက်ပျိုးလျှက်ရှိ ကြောင်းသိရသည်။
ယင်းသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှကြီးကြပ်၍ စံပြစိုက်ကွက်များအဖြစ် သတ်မှတ်ကာ တောင်သူများအားလိုအပ်သည့် အသိပညာပေးဆွေးနွေးခြင်း၊မြို့နယ်မြေဩဇာကြီးကြပ်ရေး ကော်မတီမှ လိုအပ်သည့် ဓာတ်မြေဩဇာ များကိုထောက်ပံ့ပေးလျှက်ရှိသည်။
အဆိုပါ စိုက်ပျိုးချိန်တွင် ကျိုက်ပိကျေးရွာ ၌(ပဲတီစိမ်း)စိုက်ပျိုးလျှက်ရှိသည့် တောင်သူ ဦးမောင်ကြီး၏ စံပြစိုက်ကွက်တွင်ပိုးမွှားများကျရောက်မှုရှိကြောင်းသိရှိရ၍ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ် ၊ လက်ထောက်ဦးစီးမှူး ဦးအေးဘတ် နှင့်ဝန်ထမ်းများကသွားရောက်စစ်ဆေးရာ အပွင့်များထွေးခြင်း၊ ရွက်စားခူ စားခြင်း၊ ပျ/ပိုးမွှားများကျရောက်ခြင်း၊ ဖားဥမှိုရောဂါများကျရောက်ခြင်းအားတွေ့ရှိရ၍ ဦးစီးအရာရှိ ဦးဝင်းဗိုလ် က တောင်သူများနှင့်တွေ့ဆုံပြီးကာကွယ်ရမည့် နည်းလမ်းများကိုဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment