တပ်ကုန်းမြို့၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင် စနစ်ကျလယ်ယာမြေ (၇၉ ဒသမ ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင် စနစ်ကျလယ်ယာမြေ (၇၉ ဒသမ ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ




MNP  -   ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် ၂၀၂၃ခုနှစ်၊ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စနစ်ကျလယ်ယာမြေ (၇၉ဒသမ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ လယ်ယာမြေဖော်ထုတ်ခြင်းစီမံကိန်း ရှင်းလင်းဆောင်တွင် ကျင်းပခဲ့သည်။


အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ၊ တိုင်း/ခရိုင်များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဂွေးပင်စနစ်ကျလယ်ယာမြေ (၇၉ဒသမ၈၈)ဧက ဖော်ထုတ်ပေးရခြင်းနှင့်ပတ်သက်၍   ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ဖော်ထုတ်ပြီးစီးသည့် လယ်ယာမြေများအား တောင်သူကိုယ်စားလှယ်ဖြစ်သူထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့် တောင်သူကိုယ်စားလှယ်ဦးညွန့်လှိုင်တို့က ဖော်ထုတ် ပြီးစီးသည့် လယ်ယာမြေအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဂွေးပင်စနစ်ကျလယ်ယာမြေ ဖော် ထုတ်ထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)