MNP - ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နေ့လယ် ၁ နာရီအချိန်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အ.ထ.ကကျောက်ကြီးကျောင်း သပြေဆောင်ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအား အ.ထ.ကကျောက်ကြီးကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် စာစီစာကုံးအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်နှင့် ကျောင်းသားတို့တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးအား စည်းလုံးခြင်းသည်အင်အား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးအား ပြည်ထောင်စုနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အထက်တန်းအဆင့် ကဗျာအား ပြည်ထောင်စုကြွေးကြော်သံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာအား တိုင်းရင်းသားတို့အောင်ပွဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကဗျာအား တို့ပြည်ထောင်စု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲအား ပြိုင်ပွဲဝင်အားလုံးအတွက် ပြည်ထောင်စုလှေ ခေါင်းစဉ်ဖြင့် အသီးသီးပါဝင် ဖြေဆိုပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment