ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး‌နေမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး‌နေမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး



MNP  -   ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလ လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်ပေါ်စေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်အချိန် လျှပ်စစ်မီးပြည့်ဝစွာရရှိစေရေးအတွက် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံကော်မတီဌာနဆိုင်ရာ တာဝန်ရှိသူများက ဆိပ်ကြီးခနောင်တိုမြို့နယ် 33/ 11/ 6.6 KV, 10 MVA ဦးထွန်းအို ဓာတ်အားခွဲရုံရှိ Pannal Box များနှင့် ဓာတ်အားဖြန့်ဖြူးပေးသည့် ဖီဒါများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့ စစ်ဆေးရာတွင် မြို့နယ်လျှပ်စစ်ဌာန တာဝန်ရှိသူများမှ လျှပ်စစ်မီးရရှိမှု အခြေအနေ၊ မြို့နယ်အတွင်း ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ထားရှိမှု အခြေအနေ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနေမှူ အခြေအနေများနှင့် နေ့/ ည လုံခြုံရေးအတွက် ဝန်ထမ်းများအား တာဝန်ပေးအပ်ထားရှိမှုတို့အား မြို့နယ်တာဝန်ရှိသူများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ဝေယံ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)