မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်


MNP   -  ဖေဖေါ်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ် မြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက် များကို ပြောကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆွေလင်းမောင် က မီးသတ်ဦးစီးဌာန ၏ လုပ်ငန်းတာဝန်များဖြစ်သည့်ပြည်သူများ၏ အသက်၊အိုးအိမ်ပစ္စည်းများ၊နိုင်ငံအတွင်းရှိကုန်ထုတ် အရင်း အနှီးများကိုမီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရေး၊သဘာဝဘေးအန္တရာယ်အပါအဝင်အခြားသောဘေးအန္တရာယ်များကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်ရခြင်းစသည့် လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီးနောက် ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတိ မူရေး ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်မီးငြိမ်းသတ်ရေးလုပ်ငန်းများရှင်းလင်းဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးသည် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အများ ပြည်သူအသိပညာရရှိစေမည့် အစီအစဉ်များကိုရိုက်ကူး၍  Online မှတစ်ဆင့်ထုတ်လွှင့်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)