မိုင်းခုတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ




MNP   -   ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဉီးစွာ မိုင်းခုတ်လူငယ်ဘောလုံးအသင်းနှင့် မိုင်းနင်းဘောလုံးအသင်းတို့က ဗိုလ်လုပွဲကို အကြိတ် အနယ်ယှဉ်ပြိုင်ကစားကြရာ မိုင်းခုတ်လူငယ်ဘောလုံးအသင်းက မိုင်းနင်းဘောလုံးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။


ယင်းနောက် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ တိုးတက်လူငယ်အသင်းဆု ရရှိသော အထက(မိုင်းခုတ်)ဘောလုံးအသင်းအား တစ်ဉီးချင်း ဆုတံဆိပ်ကိုလည်းကောင်း၊ တတိယဆုရရှိသော ၅၇၉ ဘောလုံးအသင်းအား တစ်ဉီးချင်း ဆုတံဆိပ်နှင့် ဆုတော်ငွေ တစ်သိန်းငါးသောင်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မိုင်းနင်းဘောလုံးအသင်းအား တစ်ဉီးချင်းဆုတံဆိပ်နှင့် ဆုတော်ငွေ သုံးသိန်းကျပ်ကိုလည်းကောင်း၊ ပထမဆုရရှိသော မိုင်းခုတ်လူငယ်ဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းဆု၊ တစ်ဉီးချင်းဆုတံဆိပ်နှင့် ဆုတော်ငွေငါးသိန်းကျပ်ကိုလည်းကောင်း၊ ဘောလုံးပြိုင်ပွဲတစ်လျှောက်တွင် အကောင်းဆုံးဂိုးသမားဆုရရှိသော မိုင်းခုတ်လူငယ်ဘောလုံးအသင်းမှ ဇော်မျိုးဝင်း၊  အကောင်းဆုံးရှေ့တန်း ကစားသမားဆုရရှိသော မိုင်းခုတ်လူငယ်ဘောလုံးအသင်းမှ ဇာနည်အောင်၊ အကောင်းဆုံးအလယ်တန်း ကစားသမားဆုရရှိသော မိုင်းနင်းဘောလုံးအသင်းမှ ဂျော်ရှီးနှင့် အကောင်းဆုံး အနောက်တန်းကစားသမား ဆုရရှိသော ၅၇၉ ဘောလုံးအသင်းမှ နော်ထူးခိုင်တို့အား ဂုဏ်ပြုဆုများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်၍ မြို့အားကစားကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မိုင်းခုတ်မြို့ အတွင်းရှိ ဘောလုံးဝါသနာရှင် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment