ရမ်းဗြဲမြို့၌ မော်ယာဉ်များနှင့်မော်တော်ယာဉ်‌ေမာင်းနှင်သူများအား လိုင်စင်များစစ်ဆေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအသိပညာပေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မော်ယာဉ်များနှင့်မော်တော်ယာဉ်‌ေမာင်းနှင်သူများအား လိုင်စင်များစစ်ဆေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအသိပညာပေး ကွင်းဆင်းဆောင်ရွက်





MNP   -   ဖေဖေါ်ဝါရီ    ၁၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ယာဉ်နှင့်ယာဉ်မောင်းနှင်သူများ ၌ပဒေနှင့်အညီသွားလာမောင်းနှင်နိုင်ရေးနှင့်ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်နှင့်ယာဉ်မောင်းသူများ၌ပဒေနှင့်အညီမောင်းနှင်သွားလာနိုင်ရေးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက မြို့ဝင်ဂိတ်များသို့သွားရောက်ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။


အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြန်မာနိုင်င ရဲတပ်ဖွဲ့ဝင်များ  မီးသတ်တပ်ဖွဲ့တင်များနှင့် ဌာနဆိုင်ရာများမှပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့်မော်တော်ယာဉ်များအား ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များပြုလုပ်ကိုင်ဆောင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ယာဉ်နှင့်ယာဉ်မောင်လိုင်စင်များသက်တမ်းကုန်ဆုံးခြင်းရှိ/မရှိစစ်ဆေးခြင်း၊ လိုင်စင်များမပြုလုပ်ရသေးသူများနှင့်သက်တမ်းကုန်ဆုံးနေသူများရှိပါကပြုလုပ်ရန်အတွက် အသိပေးခြင်းများနှင့်အတူ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက်ဆိုင်ကယ်စီးနှင်းမောင်းနှင်သူများအား  ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍မောင်းနှင်သွားလာရန်မှာကြားပေးခြင်းများနှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)