ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်



MNP   -    ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဝမ်းတွင်းဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူငွေစိုးက မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ မီးဘေးကြိုတင်ကာကွယ် ရေးဆိုင်ရာများကို ဆွေးနွေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ယာဥ်(၂)စီးဖြင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဈေးတွင်းဈေးအပြင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခြင်း၊ မီးသတ်ယာဥ် အဝင်/အထွက်လမ်းများအားစစ်ဆေးခြင်း၊ အရေးပေါ်ရေ ရရှိမည့်နေရာများအား လိုက်လံစစ်ဆေးအကြံပြုခြင်နှင့် အ​ရေးပေါ် တယ်လီဖုန်းနံပါတ်ပါ ဗီနှိုင်းများ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဈေးသူဈေးသားများက လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် ဝန်ထမ်းများ၊ ​အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment