လှည်းကူးမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ထို့နောက် ရပ်ကွက်ပေါင်းစုံအလွတ်တန်းအမျိုးသားဖူဆယ်ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကိုယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများအား လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးစိုးသိန်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်းသိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment