အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအ မှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအ မှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ








MNP   -     ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ်(၃) စျေးရပ် ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအ မှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကို မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားရေးအတွက် အဆိုပါကျောင်းတွင်ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ဖေဖော် ဝါရီ (၁၃)ရက်နေ့သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့ဖြစ်ပြီး ထိုနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ရိုးသားမှု၊ ခေါင်း ဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များ ကိုစံပြအဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူ ပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ လွတ်လပ်ရေး အရှည်တည်တံ့စေရန် လက် ဆင့်ကမ်းတာဝန်ယူရမည့် သူများသည် ယနေ့ကလေးများဖြစ်ကြောင်း၊ မိဘများသိရှိနားလည်းပြီး ကလေးများကို နည်း စနစ်မှန်စွာ ပြုစုပျိုး ထောင်ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍အမ်းမူလတန်းကြိုကျောင်းမှ  သားငယ်/သမီးငယ်လေးငယ်များက သီချင်း၊ကဗျာ များဖြင့် သီဆိုကပြခဲ့ကြသည်။


ထို့နောက် အားကစား ပြိုင်ပွဲများကျင်းပရာ မူကြိုကလေးငယ်များက ကွမ်းသီး ကောက်ပြိုင်ပွဲ၊ခေါင်း အုံးရွက်၊ကြိုးသီ၊ဗူးဆင့်၊ အရုပ်ထောင်ပြိုင်ပွဲနှင့်အပြေးပြိုင် ပွဲစသည့် ကာယစွမ်းရည်ပြိုင်ပွဲ တို့ကို ပွဲစဉ်အလိုက် ကလေးငယ်များက တပျော် တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မိဘအုပ်ထိန်း သူများနှင့်ဆရာ/ဆရာမများက ကြည့် ရှုအားပေးကြပြီး အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)