မအီမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ




MNP   -   ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့(ပြည်ထောင်စုနေ့) ညနေပိုင်းက မအီမြို့၊ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဖော်ပြပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်၍ မအီမြို့ပေါ်ရပ်ကွက် အသင်းများနှင့် ဌာနဆိုင်ရာအသင်းများ ပါဝင်သည့် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ရှုံးထွက်ပွဲစဉ်စနစ်ဖြင့် ကစားခဲ့ကြပြီး ယနေ့ ညနေပိုင်းက ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။ တတိယနေရာလုပွဲကို ထွေ/အုပ်အသင်းနှင့် အမှတ်-၄ (ဂ)အသင်းတို့ ဦးစွာယှဉ်ပြိုင်ကစားခဲ့ကြရာ အမှတ်-  ၄ (ဂ)အသင်းအသင်းမှ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်အနေဖြင့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အမှတ်- ၃(က) အသင်းနှင့် အမှတ်- ၄(က)အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြရာတွင် အမှတ်- ၃(က) အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။


ဆက်လက်၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ရှေ့ဦးစွာ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ချစ်ထွန်းက ဝမ်းမြောက်ကြောင်း အမှာစကား ပြောကြားရာတွင် အားကစားသမားများအနေဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဗိုလ်လုပွဲပြီးဆုံးသည်အထိ အားကစားစိတ်ဓာတ် ပြည့်ဝစွာဖြင့် သန့်ရှင်းစွာ ကစားပေးခဲ့ကြသည့်အတွက် များစွာ ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ မြို့အုပ်ချုပ်ရေးမှူးအနေဖြင့် မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း၊ ထိုသို့ မိမိတို့ဒေသအတွက် အားကစားပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရာတွင်  ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပထမဆုကို အနိုင်ရဗိုလ်စွဲခဲ့ သည့် အမှတ်- ၃(က)အသင်းနှင့် အခြားဆုရရှိသည့်အသင်းများအား မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုကြေးငွေအလှူရှင်များက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါ ဆုများကို ပထမဆု- ၃၀၀၀၀၀ ကျပ်၊ ဒုတိယဆု- ၂၀၀၀၀၀ ကျပ်၊ တတိယဆု- ၁၀၀၀၀၀ ကျပ်နှင့် နှစ်သိမ့်ဆု- ၅၀၀၀၀ ကျပ်တို့ကို ချီးမြှင့်ပေးခဲ့သည့်အပြင် အကောင်းဆုံး အာကစားသမားဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် အကောင်းဆုံး ဂိုးသမားဆု တို့ကိုလည်း ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)