တရားမဝင် လောင်းကစားလုပ်ငန်းများကို ဥပဒေနဲ့အညီ အရေးယူ တားမြစ်ပေးပါ (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမဝင် လောင်းကစားလုပ်ငန်းများကို ဥပဒေနဲ့အညီ အရေးယူ တားမြစ်ပေးပါ (အိတ်ဖွင့်ပေးစာ)



မြန်မာနေရှင်နယ်ပို့စ်မှ တဆင့် တာဝန်ရှိလူကြီးမင်းများကို တင်ပြလိုပါတယ် -

လူမှုကွန်ရက်မှာရော၊ မြေပြင်အခြေအနေမှန်မှာပါ တရားမဝင်လောင်းကစားလုပ်ငန်းတွေ မှိုလိုပေါက်နေပါတယ်။ တချို့လူငယ်တွေ အလုပ် မလုပ်ကြတော့ပါဘူး။ လောင်းကစားလုပ်တယ်။ လောင်းကစားလုပ်ဖို့ ခိုးတယ်။ လုတယ်။ တခါတလေ လက်လွန်ခြေလွန် သတ်ဖြတ်တာမျိုးတွေအထိ အနိဋ္ဌာရုံတွေကို ကြားသိနေရပါတယ်။

တဆက်တည်းမှာပဲ မူးယစ်ဆေးဝါး နဲ့ ကော်ရှူတာမျိုးတွေလည်း လူငယ်တွေကြားမှာ တွင်ကျယ်နေတာကို သတိပြုမိပါတယ်။ နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နေတဲ့ ကာလမှာ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးအောင် အဓိက ဖျက်ဆီးနေတာကတော့ လောင်းကစား နဲ့ မူးယစ်ဆေးဝါးပဲ ဖြစ်နေပါတယ်။ မတော်လောဘနဲ့ စီးပွားရှာကြသူတွေကိုလည်း အံ့သြမိပါတယ်။ 

တခါက သတင်းစာရှင်းလင်းပွဲမှာ တရားမဝင်လောင်းကစား ကြော်ငြာများကို facebook, tiptok အစရှိတဲ့ ဆယ်လီတွေက ကြော်ငြာခယူပြီး ကြော်ငြာပေးနေတာတွေကို အရေးယူဆောင်ရွက်ရန် ရှိ/ မရှိ သတင်းဌာနတစ်ခုက နစက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ တကယ်တန်း အရေးယူဆောင်ရွက်မှုအပိုင်းမှာ အားနည်းတာကို မြင်တွေ့ရပါတယ်။

အချို့သော ဆယ်လီကြီးများမှာ တရားမဝင် လောင်းကစားမှ ငွေလွယ်လွယ်ရနိုင်ပုံကို ဇာတ်လမ်းဖန်တီး ရိုက်ကူး၍ ကြော်ငြာပေးသည်အထိ လုပ်စားလာကြပါသည်။ လူငယ်များ အသိမှား အမြင်မှားဖြစ်ပြီး တရားမဝင် လောင်းစကားလုပ်ငန်းများအပေါ် အာရုံရောက်လာကြပါသည်။ အရှုံးများလာသည့်အခါ ခိုး၊ ဆိုး၊ လု၊ နှိုက် လုပ်လာကြသည်ကို သတိပြုမိကြမည်ဟု ထင်ပါသည်။ ထိုကဲ့သို ကိုယ်ကျိုးစီးပွားသာ ကြည့်၍ လူငယ်များ အသိမှား၊ အမြင်မှားဖြစ်အောင် တရားဝင်ခွင့်ပြုချက်မရှိဘဲ ကြော်ငြာခယူ၍ လုပ်စားနေသူများကိုလည်း တားမြစ်ဆောင်ရွက်ပေးဖို့ လိုအပ်မည်ဖြစ်ပါသည်။ 

လောင်းကစား၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များ လမ်းမှာရောက်နေရသည်ကို ထောက်ရှု၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် တာဝန်ရှိသူများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေး အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)