သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေး


MNP  -    ဖေဖော်ဝါရီ ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Myanmar Arts Center ၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများ ရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပန်းချီရေးဆွဲမှုအကြောင်းအရာ နည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ပန်းချီကားများအချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။


မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်(ဂန္ဓကုဋိတိုက်တစ်လုံးတွင် လေးချပ်စီ)ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံးအတွင်း၌ ထည့်သွင်းထားရှိနိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်များက ရေးဆွဲလျက်ရှိကြောင်းသိရသည်။


အဆိုပါ ဗုဒ္ဓဝင်ပန်းချီကား ၉၆ ချပ်အနက် ပထမအကြိမ်ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲခြင်းလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီး ဒုတိယအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲခြင်းလုပ်ငန်းကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့ တွင် ရေးဆွဲလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)