MNP - ဖေဖော်ဝါရီ ၁ဝ
သံတွဲခရိုင်၊ ငပလီမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အထကငပလီ အခြေခံ ပညာအထက်တန်း ကျောင်း၊အလကဇီးဖြူကုန်းကျောင်းသို့ သွားရောက် ၍ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်း စကား လက်ကမ်းစာစောင်တွင်ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ခုနှစ်ဇန်နဝါရီလ(၂၀)ရက်နေ့က ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ကဗျာ၊ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်၊ မှတ်တမ်းဓာတ်ပုံများပါဝင်သည့် သတင်း စကားလက်ကမ်းစာစောင်ကို အသိပ ညာဗဟုသုတရရှိစေရန် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment