MNP ၊ ဖေဖော်ဝါရီ ၈
တူရကီနိုင်ငံတွင် ငလျင်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ Spacety ကုမ္ပဏီသည် ရှေးဦးစွာ Chaohu 1 ဂြိုဟ်တုဖြင့် ငလျင်ဒဏ်သင့်ဒေသအား အရေးပေါ်ပုံရိပ်ဖော်ရန် စီစဉ်ခဲ့ရာ ငလျင်ဖြစ်ပွားပြီးနောက် ၇ နာရီတွင် ငလျင်ဒဏ်သင့် အနီးတဝိုက်ဒေသများ၏ Radar remote sensing ရုပ်ပုံများကို အောင်မြင်စွာရယူပေးခဲ့ကြောင်း သိရသည်။
ငလျင်ဖြစ်ပွားသည့်နေ့တွင် ငလျင်ဒဏ်သင့်ဒေသ၌ ရာသီဥတုဆိုးရွားပြီး တိမ်လွှာထူထပ်သဖြင့် အလင်းရောင်ဂြိုဟ်တုရုပ်ပုံရယူရန် ခက်ခဲနေသည်။ ထို့ကြောင့် တစ်နေကုန် ၂၄ နာရီ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် Synthetic Aperture Radar (SAR) သည် ငလျင်ဒဏ်သင့်ဒေသ၏ ရုပ်ပုံအားလုံးကိုရယူသည့် အရေးကြီးနည်းလမ်းဖြစ်ခဲ့သည်။ ဆက်လက်ပြီး Spacety သည် ငလျင်ဒဏ်သင့်ဒေသအခြေအနေအား ဆက်လက်ဂရုပြု၍ ငလျင်ဒဏ်သင့်ဒေသကယ်ဆယ်ရေးလုပ်ငန်းအတွက် ဂြိုဟ်တုရုပ်ပုံများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment