MNP - ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)ခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပေပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က နိုင်ငံတော်မှလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်၀ပြီး ဘ၀ရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်ရေးရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ မျိုးရိုးအစဉ်အလာစောင့်ထိန်းလာတဲ့ ဗုဒ္ဓရဲ့အမွေအနစ်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ မပျောက်ကွယ်အောင် ဗုဒ္ဓဘာသာဝင်များက ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါကြောင်း၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဂရုဏာထားဆိုသည့်အတိုင်း ယနေ့လူငယ်များယဉ်ကျေးလိမ္မာမှ အနာဂတ်မြန်မာနိုင်ငံသာယာလှပတင့်တယ်နေမှာဖြစ်ပါကြောင်း၊ ယဉ်ကျေးလိမ္မာခြင်းသည် လူမှုဆက်ဆံရေးတံခါးမကြီးကို ဖွင့်တဲ့အဓိကသော့တစ်ချောင်းဖြစ်လို့ ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ လူငယ်များဖြစ်အောင် ကျောင်းစာသင်ယူနေတဲ့အချိန် ကျောင်းသားလူငယ်အရွယ်များ ဆရာမိဘတို့ရဲ့သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကာ ယဉ်ကျေးမှုရဲ့တန်ဖိုးကိုသိရှိကာ ယဉ်ကျေးသိမ့်မွေ့ပြီး တန်ဖိုးရှိတဲ့လူငယ်တွေဖြစ်စေဖို့ မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ကြစေလိုကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား/သူစုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့သည်။
မူမူစန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment