MNP - ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အားပြောကြားရာမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အလေ့အကျင့်ကောင်း စိတ်ဓာတ်ကောင်းများ ပေါ်ထွန်းလာစေရန် မျိုးချစ်စိတ်ဓာတ်ရှိဖို့အတွက် ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်သလိုကျောင်းသား၊ ကျောင်းသူများအနေနဲ့ အမျိုးသားစိတ်ဓာတ်ရှိဖို့လိုမှာဖြစ်ကြောင်းနှင့် ဒါမှ မိမိလူမျိုး၊ မိမိစာပေယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်သော နိုင်ငံကိုချစ်မြတ်နိုးပြီး နိုင်ငံ့အပေါ် သစ္စာရှိစွာ စောင့်ရှောက်လိုစိတ်များရရှိလာမည်ဟု ပြောကြားခဲ့ပြီး ကဗျာဆရာ မောင်မင်းသိမ်း(သရက်)က အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် မူလတန်း(၆)ကျောင်းမှ မူလတန်းဆင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်း(၁၈)ဦးက မောင်မင်းသိမ်း(သရက်)ရေးသားသည့် အတူတွေ့ ညီသဟေ့ ပြည်ထောင်စုနေ့ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆို ပြိုင်ပွဲဝင်ခဲ့ကြသည်။ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဖေဖော်ဝါရီ(၁၀)ရက် နံနက်(၁၀)နာရီတွင် ဆုများချီးမြှင့်ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲတွင်ဆုမရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost



No comments:
Post a Comment