ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈) ဒိုးကွင်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈) ဒိုးကွင်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)ဒိုးကွင်ရှိ စေတနာမောင်မယ် အခမဲ့လူငယ်လူမှုကူညီရေးအသင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ယခုကဲ့သို့ တွေ့ဆုံပွဲကျင်းပ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး လာရောက်ဆောင်ရွက်ပေးမှု အခြေအနေများ နှင့် လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြု(Proportional Representation System-PR) စနစ် အကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြင်ဦးလွင်မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးလွင်တို့က စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးမည့် အစီအမံများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး အန္တရာယ် ထိန်းချုပ်ကာကွယ်တားဆီးရေး ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်လျှပ်စစ်၊ဆည်‌မြောင်း၊ ကျေးလက် လမ်းဦးစီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စည်ပင်အစရှိသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေး၊ မွေးမြူရေးနှင့်ကုသရေးလုပ်ငန်း ကြက်ခြံကိစ္စရပ်များ၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် စာသင်ကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ပေးလိုသည့် လုပ်ငန်းများစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။


ဆက်လက်၍စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၁၈)  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster ဆေးများထိုးနှံပေးခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် စည်ပင်သာယာရေးကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်ကြီး (၁၈)မှ ဒေသခံပြည်သူများစုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)