မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်းကြမှသာ တစ်နိုင်ငံလုံးနေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်းကြမှသာ တစ်နိုင်ငံလုံးနေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်မည်


နေပြည်တော် ဖေဖော်ဝါရီ ၂၅

ဆီထွက်သီးနှံ နေကြာလျာထားဧကပြည့်အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးစေ့ဖူလုံရေးအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်ကွင်းဆက်အားလုံး အချိတ်အဆက်မိမိဆောင်ရွက်ရန်လိုကြောင်း၊ မိဘမျိုးစေ့အပါအဝင် မျိုးသန့်မျိုးပွားခြင်းလုပ်ငန်းအဆင့်ဆင့်မှ စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်ခြင်းအထိ မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်းကြမှသာ တစ်နိုင်ငံလုံးနေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။


ယမန်နေ့က ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


တွေ့ဆုံစဉ် စိုက်ပျိုးရေးသုတေသနညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သုတေသနလုပ်ငန်းများ တိုးတက်ဆောင်ရွက်နေမှု၊ ဆီထွက် သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး မိဘလိုင်းများပွားများခြင်း၊ စပ်မျိုးနှင့်သဘာဝဝတ်မှုန်ကူးမျိုးများ ပွားများ၍ စိုက်ပျိုးဧကတိုးမြှင့်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်မြတ်နွယ်နွယ်က ဇေယျာသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်သူများပူးပေါင်းပါဝင်သော နေကြာမျိုးသန့် ပွားများရေး အစီအစဉ်ဆောင်ရွက် နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။


ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပြန့်ပွားရေး၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးနိုင်ရေးနှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန် မျိုးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်နှင့် မျိုးအသစ်များ မွေးမြူထုတ်လုပ်ပေးရန်၊ ပုဂ္ဂလိကမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သုတေသနဌာနများ၏ မျိုးသန့်မျိုးပွားခြံများ ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများနှင့် တောင်သူများပါဝင်သော နေကြာမျိုးသန့် ထိန်းသိမ်းရေးအစီအစဉ်များကို ဆွေးနွေးမှာကြားကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)