နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ICT သုတေသနရလဒ်များ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ICT သုတေသနရလဒ်များ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်


MNP ၊ ဖေဖော်ဝါရီ ၂၆

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန် ကွန်ပျူတာတက္ကသိုလ်ကို ကြည့်ရှု စစ်ဆေးရာ ပါမောက္ခချုပ် ဒေါက်တာ မီမီခင်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယ ပါမောက္ခချုပ်များနှင့် မဟာဌာန မှူးများက ဖြည့်စွက်တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက Center of Excellence ကွန်ပျူ တာတက္ကသိုလ်ဖြစ်သဖြင့် နိုင်ငံ တကာအဆင့်မီသင်ကြား၊ သင်ယူ စနစ်များနှင့် အခြေခံအဆောက် အဦ Facility များ ပြည့်စုံပြီး သုတေသနအခြေပြု Ranking မြင့်သော တက္ကသိုလ်ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန် ကာ ရေရှည်တည်တံ့စေရေး ပုံမှန်ပြုပြင်ထိန်းသိမ်း ဆောင်ရွက် သွားရန်၊ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ လေ့လာ ဆည်းပူးနိုင်ရေး စီမံဖြည့်ဆည်း ပေးရန်၊ ပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုး ပေးနိုင်ရန် မဟာဗျူဟာစီမံကိန်း အတိုင်း အရည်အချင်းပြည့်ဝသော ICT ဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ သုတေသန ရလဒ်များကို နိုင်ငံ့အကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်ရေး အတွက် University-Industry Collaboration ကို မြှင့်တင် ဆောင်ရွက်ရန် မှာကြားပြီး ဆရာ များနှင့် ကျောင်းသားများ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး သည် စာကြည့်တိုက်အသုံးပြုမှု၊ ဘာသာစကား လုပ်ဆောင်ရေး သုတေသနဌာန၊ ဆိုက်ဘာလုံခြုံ ရေးသုတေသနဌာန၊ Learning Management System ဆောင် ရွက်ထားမှု၊ Digital Library နှင့် Library Information System ခန်း ပြင်ဆင်ထားရှိမှု၊ Book Shop တွင် မူပိုင်ခွင့်ဖြင့် ပုံနှိပ်ပြီး မှီငြမ်းစာအုပ်များကို ကျောင်းသား များ ဈေးသက်သာစွာ အလွယ် တကူ ဝယ်ယူနိုင်အောင် စီစဉ်ထားရှိမှု၊ ကွန်ပျူတာနည်းပညာ လက်တွေ့ခန်း၌ ငါးကန်မှ စွန့်ပစ်ပစ္စည်းများကို အသုံးပြု ပြီး မြေမဲ့စိုက်ပျိုးရေးလုပ်ငန်း သုတေသနပစ္စည်းနှင့် Internet of Thingsကို အသုံးပြု၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး Smart City ပုံစံငယ်တည်ဆောက်ထားမှု (အပေါ်ပုံ)၊ အားကစားခန်းမ ပြင်ဆင်ထားရှိမှုနှင့် သုတေသန စင်တာနှင့် ကျောင်းသားဆောင် တည်ဆောက်ရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ကွပ်ကဲမှုအောက်ရှိ အင်းလေးဆောင်၊ သဇင်ဆောင်၊ စဉ့်ကူဆောင်နှင့် ဇီဝကဆောင် များသို့ သွားရောက်စစ်ဆေးပြီး ကျောင်းသားများ အဆောင် စည်းကမ်းများနှင့်အညီ စနစ် တကျ နေထိုင်စေရန်၊ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)