(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ



MNP -   ဖေဖော်ဝါရီ ၃

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မူလတန်း အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံသမိုင်း အကျဉ်းတို့အား ရှင်းလင်းပြောပြပြီးနောက် စုကလိမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများမှ ဆရာကျော်ခင်ဝင်း (မင်္ဂလာဒုံ)ရေးသားထားသည့် သွေးချင်းများရဲ့ ပြည်ထောင်စု ကဗျာဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲတွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။


ဆက်လက်၍ ကဗျာပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသူကျောင်သားလေး များမှ ပြည်သူ့စာကြည့်တိုက်တွင် ပြသထားသော ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ နံရံကပ်ပြဘုတ်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်ကြရာ စာကြည့်တိုက်တာဝန်ခံမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ပိုပိုအောင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)