မအူပင်မြို့တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲဆောင်ရွက်


MNP   -   ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကွန်စုကျေးရွာအုပ်စု၊ တမံလေးကျေးရွာ တောင်သူဦးဆန်းဇော်ဝင်း၏ ကွင်းအမှတ် (၈၂၈)တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။


အဆိုပါ ဆောင်ရွက်ရာသို့ မအူပင်ခရိုင် စက်မှုလယ်ယာစခန်းခရိုင်တာဝန်ခံ ဦးသန်းဇော်ဦး၊ မြို့နယ်ဦးစီးဌာနမှူးဦးငြိမ်းချမ်းမြင့်၊ ဦးစီးမှူးဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြအေးနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးပင်နှုတ်ယူရန် မလိုအပ်ခြင်း၊ လေဝင်လေထွက်ကောင်းသဖြင့် အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)